ရေမဆေးကျောက်ရှာနေချိန် ကမ်းပါးပေါ်မှလုပ်ကွက်ဟောင်းရေကန်တွင် ပြုတ်ကျပျောက်ဆုံးနေသည့် အမျိုသားကို လက်ရှိအချိန်ထိ မတွေ့သေးကြောင်း သိရသည်။

ဖားကန့်မြို့နယ်ရှိ ကုမ္ပဏီလုပ်ကွက်ဟောင်းရေကန်အနီး ကျောက်ရှာဖွေနေသည့် အမျိုးသားတစ်ဦး ရေကန်အတွင်းပြုတ်ကျကာ ပျောက်ဆုံးနေပြီး

လုံးခင်းအုပ်စု ဆန်ခါကျေးရွာအနီးရှိ တောက်ပကြယ်ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်ဟောင်းရေကန်သို့ ယမန်နေ့ နံနက် ၉ နာရီခန့်က ပြုတ်ကျသွားခြင်းဖြစ်သည်ဟု အသက် ၄၃ နှစ်ခန့်အရွယ်ရှိ ဆန်ခါဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“သူပြုတ်ကျတဲ့အချိန်က မိုးရွာနေတဲ့အချိန်ဟုတ်တယ်။ ကျောက်တွေလိုက်ခေါက်ရင်း ခြေချော်ပြုတ်ကျသွားတာ မြင်လိုက်တယ်လို့ပြောတယ်” ဟုပြောသည်။

ပျောက်ဆုံးနေသူမှာ အသက် အသက် ၂၉ နှစ်ခန့်အရွယ်ရှိ ကိုစန်းထူးဆိုသူဖြစ်ပြီး မိုးအဆက်မပြတ်ရွာသွန်းနေသောကြောင့် လက်ရှိအချိန်ထိ မတွေ့သေးကြောင်း မြင့်မြတ်သူလူမှုကယ်ဆယ်ရေးအသင်းမှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

“တစ်နေကုန်ရှာတာမတွေ့ဘူး။ ရှာတာလည်းနှံ့နေပြီ။ နှစ်ရက်ရှိပြီ မိုးကလည်း ဒီနေ့ပြန်ရွာထားတော့ ပြန်ပေါ်ဖို့က မလွယ်လှဘူး။ အခုတော့ မိုးလည်းချုပ်တာနဲ့ ရှာဖွေမှုကိုနားလိုက်ပြီ။ မနက်ဖြန်တော့ အခြေအနေတစ်ချက်စောင့်ကြည့်ရမှာ” ဟုပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့က ဖားကန့်မြို့ မနကျေးရွာတွင်လည်း ကမ်းပါးပြိုကျမှုကြောင့် ရေကန်အနီး လက်ကျင်းတူးနေသူများနှင့် ရေမဆေးကျောက်ရှာဖွေသူ ၃၃ ဦးသေဆုံးခဲ့ပြီး ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဖားကန့်မြို့ မော်မောင်းဘွမ်းကျေးရွာတွင်လည်း ဩဂုတ်လ ၄ ရက်နေ့က ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေနေသူတစ်ဦး သေဆုံးခဲ့ရသည်။

သတင်း – SK

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ