ကချင်လွတ်မြောက်ရေးတပ် (KIO/KIA) ဌာနချုပ်အနီးရှိ ရှေ့တန်းစစ်မျက်နှာပြင်သို့ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များတိုက်ခိုက်ခံရကြောင်း သိရသည်။

KIO ၏ ဗဟိုဌာနချုပ်အနီးရှိ အောင်ဂျာကျေးရွာတွင် ယနေ့နံနက် ခြောက်နာရီခွဲမှ စတင်ကာ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု လိုင်ဇာအခြေစိုက် သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

အလားတူ မဒီးယန်ကျေးရွာအနီးတွင်လည်း ယနေ့နေလယ်မှစတင်ကာ ထိတွေ့တိုက်ပွဲ့ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်က လိုင်ဇာအနီးတဝိုက်တွင် ဇူလိုင်လမှစတင်ကာ ထိုးစစ်ဆင်နေသဖြင့် ဝိုင်းမော်နှင့် မိုးမောက်မြို့နယ်များတွင် ပြင်းထန်သည့် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။

တိုက်ပွဲများတွင် နှစ်ဖက်အကျအဆုံးရှိပြီး စစ်ကောင်စီတပ်က ကုန်းလမ်းနှင့်ရေလမ်းမှတဆင့် စစ်အင်အားထပ်မံဖြည့်တင်းနေသဖြင့် စစ်ရေးဆက်လက်တင်းမာနေသည်။

စက်တင်လာလ ပထမပတ်အတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ထိန်းချုပ်နယ်မြေများတွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးများအသုံးပြုကာ တိုက်ခိုက်နေသည်။

 

သတင်း – ခရှီ

ဓာတ်ပုံ – KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်းဖြစ်သည်)

သင့်ထင်မြင်ချက်ရေးပေးပါ