စစ်ကျွန်ဘဝမှ အလုံးစုံလွတ်မြောက်ရေးအတွက်ဟုဆိုကာ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် Burma National Revolutionary Army (BNRA) ကိုဖွဲ့စည်းကြောင်း ယနေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာ့နွေဦးတော်လှန်ရေး ၂ နှစ်ခွဲကာလသို့ ရောက်ရှိလာသည့်တိုင် တော်လှန်ရေးအရှိန်အဟုန်မှာ အားကောင်းနေဆဲဖြစ်ပြီး မြန်မာပြည်သူလူထုနှင့် တော်လှန်ရေး၏ အကျိုးကိုရှေ့ရူကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

BNRA ဖွဲ့စည်းခြင်း၏ ရည်မှန်းချက်များဖြစ်သော မြန်မာတစ်နိုင်ငံလုံးအပါအဝင် အညာဒေသ၏ ကံကြမ္မာကို အညာဒေသရှိ ပြည်သူတို့သာ ဖန်တီးနိုင်သည့် အခြေနေရောက်ရှိရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်နိုင်ရေး အပြင် တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေးရရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်လာရေး၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ကို အခြေခံသည့် နိုင်ငံရေးမူဝါဒတစ်ရပ် ပေါ်ပေါက်ရေးစသည့် မူဝါဒများကို မဏ္ဍိုင်ပြုကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါဝင်သည်။

ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) ကို ဗိုလ်နဂါး ဦးဆောင်သော မြန်မာ့တော်၀င်နဂါးတပ်တော် (MRDA) အပါအဝင် တော်လှန်ရေးအင်အားစုများ ပူးပေါင်းဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ