ပုပ်ပွသေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယနေ့ နံနက် ဆယ်နာရီခန့်က မိုးညှင်းမြို့၊ ရွှေပေါက်ကန်ကျေးရွာတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

ရွှေပေါက်ကန်ကျေးရွာအဝင်ရှိ လယ်တဲတွင် ပုပ်ပွသေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိရသည်ဟု အလောင်းသယ်ဆောင်ရာတွင်ပါဝင်ခဲ့သည့် အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဘယ်နေ့က ဆုံးတယ်ဆိုတာတော့ ဘယ်သူမှအတိအကျမသိဘူး။ ကျွန်တော်တို့ ခန့်မှန်းချေတော့ ငါးရက်လောက်ရှိသွားပြီလို့ ထင်တယ်”ဟုပြောသည်။

သေဆုံးသူအမျိုးသားသည် အရက်စွဲနေသူဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရှိရပြီး ၎င်း၏ရုပ်အလောင်းတွင် ပြင်ပထိခိုက်ဒဏ်ရာများမရှိကြောင်း သူကပြောသည်။

သေဆုံးသူမှာ မြို့ညှင်းမြို့၊ စက်ကုန်းရပ်ကွက်နေ အသက် ၅၅ နှစ်အရွယ်ရှိ ဦးဝင်းဗိုလ်ဖြစ်ပြီး ၎င်း၏ရုပ်အလောင်းကို ယနေ့ နေ့လယ် နှစ်နာရီတွင် မီးရှို့သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ သုံးရက်နေ့ကမိုးညှင်းမြို့၊ ပျော်ဘွယ်ရပ်ကွက်ရှိ ဈေးခုံတန်းတွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သိရသည်။

သတင်း- Yu San

ဓာတ်ပုံ- လူမှုကူညီရေးအသင်း

သင့်ထင်မြင်ချက်ရေးပေးပါ