မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်တွင် ယနေ့နေ့လယ် ၃ နာရီခွဲခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းသိရသည်။

နီဆန်အေဗီဘင် အမျိုးအစားကားနှင့် သုံးဘီးတစ်စီးတို့ ဈေးကြီးလမ်းရှိ နဂါးနှစ်ကောင်ဟိုတယ်ရှေ့တွင် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ကားက သုံးဘီးကို ဝင်တိုက်တာ။ တစ်ယောက်က အဲ့လောက်မစိုးရိမ်ရဘူး။ နောက်တစ်ယောက်က အခြေနေမကောင်းဘူးနည်းနည်းတော့ အထိနာတာပေါ့” ဟုပြောသည်။

အခြေအနေစိုးရိမ်ရသူမှာ လည်ပင်းနှင့် ဦးခေါင်းတို့တွင်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူမှုကူညီရေးအသင်းက မြစ်ကြီးနားဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ကလည်း မြစ်ကြီးနား – နမ္မတီးလမ်းမပေါ်တွင် ဆိုင်ကယ်နှင့် ၁၂ ဘီးကား ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး ဦးခေါင်းနှင့် နားသွေးထွက်သည့် ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

သင့်ထင်မြင်ချက်ရေးပေးပါ