NUG နှင့် PDF များကို အားပေးနေသည့် နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများမှာ နိုင်ငံတော်တည်ငြိမ်မှုကို ပျက်ပြားစေရန် ကျူးလွန်နေသည်ဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်မှုကိုမဖော်ပြဘဲ စစ်ကောင်စီတပ်အပေါ် ပြစ်တင်ဝေဖန်နေခြင်းမှာ လွှဲမှားနေပြီး NUG နှင့် PDF များကို ကူညီပံ့ပိုးနေသည့် အဖွဲ့အစည်းများကိုလည်း အရေးယူဆောင်ရွက်သွားမည်ဟု ယနေ့ကျင်းပသည့် ၇၈ နှစ်မြောက် တပ်မတော်နေ့အခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတည်ငြိမ်မှု ပျက်ပြားအောင်ပြုလုပ်ပြီး ပြစ်မှုကျူးလွန်နေတဲ့ CRPH နဲ့ NUG အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကို မဖော်ပြဘဲ အစိုးအရပေါ်မှာ ပြစ်တင်ဝေဖန်နေတာဟာ အလွန်ပဲလွှဲမှားနေတယ်။ ၎င်းတို့ကို(PDF) ကူညီနေတဲ့အချို့သော EAOs များရဲ့ နိုင်ငံအပေါ်မှာ ပျက်စီးရာ၊ ပျက်စီးကြောင်း လုပ်ဆောင်နေသာဖြစ်တယ်။ ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်” ဟုပြောသည်။

ထို့အပြင် “တပ်မတော်နဲ့ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံကို ဖျက်ဆီးနေတဲ့၊ ပြည်သူကိုသတ်နေတဲ့ ဒီအကြမ်းဖက်အဖွဲ့ကို ထိရောက်စွာ တုံ့ပြန်ဆောင်ရွက်သွားမှာပဲ ဖြစ်တယ်” ဟုထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကိုလည်း ထာဝရငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ လာရောက်နိုင်ရန် အစဉ်အမြဲ တံခါးဖွင့်ထားကြောင်းလည်း ပြောခဲ့သည်။

ယနေ့နေပြည်တော်တွင်ကျင်းပသည့် ၇၈ နှစ်မြောက် တပ်မတော်နေ့အခမ်းအနားကို ‌နိုင်ငံရေးပါတီအချို့၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချို့နှင့် စစ်သံရုံးအချို့မှ သံမှူးများ တက်ရောက်ခဲ့သည်။

သတင်း – Pan Soon

သင့်ထင်မြင်ချက်ရေးပေးပါ