ဖားကန့်မြို့ ပန်းတင်တံတားအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် ယမန်နေ့ည ၉ နာရီခွဲခန့်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

မိုင်းပေါက်ကွဲသံ နှစ်ချက်ကြားခဲ့ရပြီး သေနတ်ပစ်ခတ်သံများလည်း ကြားခဲ့ရကြောင်း ဒေသခံတစ်ဦးက ရပ်ကွက်နေ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အစပိုင်းက မိုင်းအရင်ကွဲတာ ပြီးမှသေနတ်တွေက ပစ်လာတာ။ စစ်သားတွေတော့သေမှာ မိုင်းခွဲခံလိုက်ရတာဆိုတော့လေ” ဟုသူကပြောသည်။

လုံးခင်းကျေးရွာအုပ်စုရှိ မှော်စီစာကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွင်တွင်လည်း မိုင်းပေါက်ကွဲသံကြားခဲ့ရကြောင်း အခြားဒေသခံတစ်ဦးကပြောသည်။

“ကျွန်တော်တို့ကျောက်ရှာနေကြတာ အုန်းခနဲမြည်တာအနားလေးတင်မှာကျသလိုပဲ။ ပန်းတင်မှာလည်းဖြစ်နေတယ်လို့ကြားတယ်” ဟုသူကပြောသည်။

ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာရှိ ရဲတပ်ရင်း ၃၀ ကို မတ်လ ၆ ရက်နေ့က ကချင်အမျိုးသားလွတ်မြောက်ရေးတပ်(KIA)နှင့် KPDF ပူးပေါင်းတပ်က သွား‌ရောက်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်ငါးလုံး ပျက်စီးခဲ့ကြောင်း သိရသည်။

သတင်း – SK
ဓါတ်ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ