စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နှင့် ဘုတလင်မြို့နယ်ကြားတွင် CNDF တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ဘုတလင်မြို့သို့သွားရာ လမ်းခုလတ်တစ်နေရာတွင် ကျဆုံးသွားခြင်းဖြစ်ပြီး ရုပ်အလောင်းကို ပြန်လည်ရရှိခဲ့သည်ဟု CNDF ၏ ပြောရေးဆိုခွင့်ရှိသူ Salai Cung Ngai က The 74 Media ကိုပြောသည်။

“စစ်ကောင်စီတွေက သတင်းကြားပြီး သွားဝိုင်းပြီးပစ်သတ်လိုက်တာဗျ။ သူတို့က ပစ်သတ်ထားခဲ့တာဆိုတော့လေ အလောင်းကို မနေ့ကပြန်ရခဲ့တယ်” ဟုပြောသည်။

ဘုတလင်မြို့နယ်အတွင်း CNDF တပ်ဖွဲ့ဝင်နှစ်ဦး မည်သည့်အတွက်ကြောင့် ရောက်ရှိနေသည်ကိုမူ စစ်ရေးအရဖြစ်သောကြောင့် ၎င်းက ဖြေကြားရန်ငြင်းဆိုခဲ့သည်။

ကျဆုံးခဲ့သည့် ရဲဘော်နှစ်ဦးမှာ VOKOK တပ်ရင်း CNDF မှ ဆလိုင်းဇာနည်အောင်နှင့် ဆလိုင်းဒေးဗစ်ဆိုသူတို့ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ကလေးမြို့တွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း CNDF တပ်ဖွဲ့ဝင် တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ကြောင်း သိရသည်။

သတင်း – Pu Noi Tsawm

ဓါတ်ပုံ – Chin

သင့်ထင်မြင်ချက်ရေးပေးပါ