မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့သောကြောင့် ယမန်နေ့ည ၈ နာရီခန့်က ဖားကန့်မြို့ မှော်စီစာကျေးရွာရှိ လူနေအိမ်အချို့ ပျက်စီးခဲ့ကြောင်းသိရသည်။

လေပြင်မုန်တိုင်းခတ်ခြင်းနှင့် မိုးသီးကြွေကျခြင်းတို့ကြောင့် နေအိမ်အချို့ အမိုးလန်သွားပြီး ခြံစည်းရိုးများလည်း ပျက်စီးခဲ့သည်ဟု ဖားကန့်မြို့ခံတစ်ဦးက The 74 Media ကိုပြောသည်။

“နိုင်ငံရေးမကောင်းလို့ လုပ်ရကိုင်ရတာအဆင်မပြေနေပါဘူးဆို ရာသီဥတုကလည်း တစ်မှောက်။ ‌ခေါင်းမိုးတွေ အကုန် လွင့်ကုန်ပြီ ခြံစည်းရိုးတွေကော ပြန်လုပ်ဖို့လည် ပိုက်ဆံမရှိတော့ဘူး” ဟုသူကပြောသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားချိန် ထိခိုက်ဒဏ်ရာရရှိသူလည်း ရှိကြောင်း မြေစာပုံအနီးဈေးရောင်းသူတစ်ဦးက ပြောသည်။

“လေတွေတိုက်တာသစ်ပင်တွေလည်းလှဲ၊ ဆိုင်ကတောင်ထိပ်မှာဆိုတော့ ဘာမှကို ရစရာမရှိတော့ဘူး။ အရင်းလည်ရူံးသွားပြီ ဆိုင်လာတဲ့ လူတစ်ယောက်ဆို ရေနွေးပူတွေလောင်သွားသေးတယ်” ဟုသူကပြောသည်။

ဖားကန့်မြို့တွင် နှစ်စဉ် မတ်လမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းလျက်ရှိပြီး ရေကြီးရေလျှံမှုများလည်း နှစ်စဥ်ကြုံတွေ့နေရကြောင်း လည်သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လကလည်း ဥရုချောင်းရေကြီးသဖြင့် ဖားကန်မြို့မ ကျောက်ဝိုင်း၊ ဌက်ပျော်တော၊ မရှီကထောင်စသည့်ရပ်ကွက်များနှင့် လုံးခင်းကျေးရွာအုပ်စုတို့မှ ဒေသခံပြည်သူ ၂၀၀၀ ကျော် ရေဘေးသင့်ဒဏ် ခံခဲ့ရကြောင်းသိရသည်။

သတင်း – SK

ဓါတ်ပုံ – The 74 Media

သင့်ထင်မြင်ချက်ရေးပေးပါ