ဖားကန့်မြို့နယ်တွင် လွန်ခဲ့သည့်အပတ်က ပျောက်ဆုံးသွားသော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ယမန်နေ့ နေ့လယ်က ပြန်လည်တွေ့ရှိခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့က နံနက်လမ်းလျှောက်ထွက်ချိန် ပျောက်ဆုံးခဲ့သည့် အမျိုးသား၏ ရုပ်အလောင်းကို ဆိုင်းတောင်း(ဆိပ်မူ)ကျေးရွာသုဿန်အနီး ဝါးရုံပင်အောက်တွင်တွေ့ရှိခဲ့ကြောင်း သွားရောက်ကူညီခဲ့သူတစ်ဦးက The 74 Media ကိုပြောသည်။

“သူကတော့ မနက်တိုင်းလမ်းတွေ ဘာတွေ လျှောက်တယ်လို့တော့ ပြောတာပဲ။ ဝှေခါနဲ့ သင်္ခါသုဿာန်ကြားမှာတွေ့တာပေါ့ ဝါးရုံပင်အောက်ပေါ့။ အဲ့ဒါ(ခန္ဓာကိုယ်)ကတော့ ဒဏ်ရာဒဏ်ချက်တွေကတော့ ကျွန်တော်တို့ အနေနဲ့ ကိုင်လို့တွယ်လို့ ကြည့်လို့မရတော့ဘူးဗျ” ဟုပြောသည်။

ပြန်လည်တွေ့ရှိခဲ့သည့် ရုပ်အလောင်းကို ယမန်နေ့က သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ရွာတောင်ထိပ်က သင်္ချိုင်းကုန်းပေါ် တာဝါတိုင်အောက်နားက ချုံပုတ်မှာ ပြန်တွေ့တာ။ သုဿန်ရဲ့ မနီးမဝေးမှာ ပြန်တွေ့တာ။ သင်္ဂြိုဟ်လိုက်ပြီ။ ကိုင်လို့သွယ်လို့မရတော့တဲ့အချိန်ကြတော့ အဲ့နေရာမှာပဲ သင်္ဂြိုဟ်လိုက်တာ” ဟုပြောသည်။

သေဆုံးသူမှာ အသက် ၆၀ နှစ်ခန့်အရွယ်ရှိ ဦးမြင့်ဆွေဆိုသူဖြစ်ပြီး ပျောက်ဆုံးချိန်က သက်ဆိုင်ရာအဖွဲ့အစည်းများသို့ လူပျောက်ကြေငြာ တိုင်ကြားခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ ကားကြီးဝင်းတွင် မတ်လ ၄ရက်နေ့က အမျိုးသားတစ်ဦးသေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများမှ သိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ