မူဆယ်မြို့အတွင်း နှစ်ရက်ဆက်တိုက် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ဟိုမွန်ရပ်ကွက်ရှိ လူဝန်မှုကြီးကြပ်ရေးဦးစီးဌာန(လ.ဝ.က) ရုံးအဟောင်းတွင် ယနေ့ မွန်းလွှဲ ၃ နာရီခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက The 74 Media ကိုပြောသည်။

“ဗုံးကတစ်လုံးပဲပေါက်တာ။ မြို့နယ်အုပ်ချုပ်ရေးမှူးရှိတဲ့ရုံးခန်းကိုပစ်တာ။ ဒါပေမယ့်အုတ်ကို ထိပြီးပြန်လာတော့ ပြည်သူနှစ်ယောက်ကို ထိသွားတာ။ လဝကရုံးအဟောင်းမှာဖြစ်တာ” ဟုပြောသည်။

ဟိုနားရပ်ကွက်၊ စိုးသစ္စာဆီဆိုင်အနီးရှိ 69 Hotel ရှေ့တွင်လည်း ယမန်နေ့ ညနေက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံအခြားအမျိုးသမီးတစ်ဦးကပြောသည်။

“ခရိုင်ဆေးရုံနဲ့ အဆင့်မြင့်ဘော်လုံးကွင်းအနီး ရဲစခန်းနောက်ကျောမှာဖြစ်တာ။ အဲ့မှာ ပြည်သူ့စစ်တွေလည်းရှိတယ်။ ထိခိုက်တာတာတွေတော့ မရှိဘူး” ဟုပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ကောင်းမူတုံရပ်ကွက် ဒေသအခေါ် မင်္ဂလာမူဆယ်အနီးတွင်လည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

သတင်း – Nan Non

ဓါတ်ပုံ – ပေးပို့

သင့်ထင်မြင်ချက်ရေးပေးပါ