ဖားကန့်မြို့နယ်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးခံထားရသူ ၁၂ ဦး ယနေ့ နံနက် ၈ နာရီခန့်က ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
လုံးခင်းကျေးရွာအုပ်စု မဇွတ်ယန်ကျေးရွာ အကျဉ်းထောင်မှ ထောင်ဒဏ် တစ်နှစ်ခွဲကျခံခဲ့ရပြီး ပြစ်ဒဏ်ကာလ ပြည့်သဖြင့် လွတ်မြောက်လာခြင်းဖြစ်သည်ဟု လွတ်မြောက်လာသူမှ တစ်ဦးက The 74 Media ကိုပြောသည်။

“၅၀၅ နဲ့ ဖမ်းခံရတဲ့သူ အားလုံးတော့ မလွတ်ဘူး ၁၂ ယောက် လွတ်လာတယ် ရက်ပြည့်လို့ ပြန်လွတ်ပေးလိုက်တာ။ ကျန်းမာရေးက အားလုံးကောင်းတယ်” ဟုသူကပြောသည်။

ပြန်လည်လွတ်မြောက်လာသူများတွင် ဖားကန့်မြို့မှ အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးနှင့် ရာစုသစ် လက်ဖက်ရည်ဆိုင်ပိုင်ရှင် မဝါဆိုသူလည်း ပါဝင်ကြောင်း လွတ်မြောက်လာသူများနှင့် နီးစပ်သူများ ထံကသိရသည်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) ဖြင့် တစ်နှစ်ခွဲခန့် ဖမ်းဆီးထောင်ချခံထားရသူ ၁၆ ဦးမှ အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၁ ဦးပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာရှိ ပြည်သူရှစ်ဦးလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြရာတွင် ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးထောင်ချခံခဲ့ရပြီး စက်တင်ဘာလ ၂၁ ရက်နေ့က ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ပုံ – လုံးခင်းကျေးရွာအုပ်စု မဇွတ်ယန်ကျေးရွာရှိ အကျဉ်းထောင်

သင့်ထင်မြင်ချက်ရေးပေးပါ