ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ ရှမ်းကုန်းဈေးမှ နေအိမ်တစ်လုံး ယနေ့ည ခြောက်နာရီခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဝါယာရှော့ကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေအိမ်အောက်ထပ် မီးလောင်ကျွမ်းခဲ့ကြောင်း မီးငြိမ်းသတ်ရာတွင်ပါဝင်ကူညီခဲ့သူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“လူမရှိတဲ့ချိန် ဝါယာရှော့ဖြစ်ပြီးလောင်သွားတာ။ အောက်ထပ်တစ်ထပ်လုံးပါသွားတယ်။ အပေါ်ထပ်တော့ မပါသွားဘူး။ နှစ်ထပ်အိပ်ဆိုတော့ အောက်ထပ်လောင်သွားတယ်။ ပစ္စည်းတွေတော့ပါသွားတယ်” ဟုပြောသည်။

အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းမရှိသလို လူထိခိုက်မှု မရှိကြောင်းသူကပြောသည်။

မီးသတ်ကားတစ်စီးအပါအဝင် အနီးနားရှိဒေသခံများနှင့် လူမှုကူညီရေးအဖွဲ့က တစ်နာရီခန့်ကြာမီးငြိမ်းသတ်ခဲ့ရကြောင်းသိရသည်။

အလားတူ ဖားကန့်မြို့၊ မှော်ဝမ်းရပ်ကွက်တွင် ဇူလိုင် ၂၃ ရက်နေ့က ဖုန်းအားသွင်းရာမှ ဖုန်းအပူလွန်ကဲပြီး နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

Photo – CJ

 

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *