စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်ရှိ စစ်ကောင်စီ မအူစစ်ဆေးရေးဂိတ် ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်က တိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဥပဒေမဲ့ငွေကြေးကောက်ခံနေသော စစ်ကောင်စီဂိတ်ကို လက်နက်ကြီးများဖြင့် မိနစ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Farmers Revolution Force (FRF) CHU မှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဒီတိုးဂိတ်က ငွေညစ်မှုတွေရှိတယ်။ သူတို့က မထင်ရင်မထင်သလိုလည်း ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ ထုတယ်။ ပြည်သူတွေအတွက် အကြောက်ဆုံးနေရာပေါ့နော်။ အဲ့ကြောင့် တိုင်ပင်ပြီး မဟာမိတ်တွေသွားတိုက်ခဲ့ကြတာ” ဟုပြောသည်။

မအူဂိတ်ကို ၄၀ မမ (၂၇) လုံး၊ ၆၀ မမ (၁၀) လုံး၊ ၈၀ မမ (၇) လုံး၊ ၁၂၀ မမ (၅) လုံး စုစုပေါင်း ၄၉ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်ဆင်ရေးကို Farmers Revolution Force (FRF) CHU၊ Black Dragon Special Task Force၊ Golden Eagle Force Monywa၊ God of Monywa People’sDefence Force၊ Knight Commanders PDF၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ People Defence Force – South Monywa၊ New Light Generation People Defence Force၊ God of Snake Monywa – GOS၊ Chindwin Defense Force၊ Salingyi Revolution Army၊ သေမင်းတမန် ပြောက်ကျားတပ်ဖွဲ့ နှင့် ရွှေညီကိုပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ခြင်းရှိ၊ မရှိကိုမူ The 74 Media က သီခြားအတည်မပြုနိုင်ပါ။

ယင်းဂိတ်သည် ဥပဒေမဲ့ ဥပဒေမဲ့ငွေကြေးကောက်ခံမှုနှင့် ဖြတ်သန်းသွားလာနေသော အမျိုးသမီးများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက နှောက်ယှက်မှုများရှိနေကြောင်း သိရသည်။

မုံဝင်မြို့အဝင်ရှိ အဆိုဂိတ် လွန်ခဲ့သော ဩဂုတ်လ ၁၅ ရက်နေ့ကလည်း တိုက်ခိုက်ခံရသောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့သည်။

Photo – Credit

သင့်ထင်မြင်ချက်ရေးပေးပါ