ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ အ.ထ.က (ခွဲ) ကျောင်းအနီးတွင် ရပ်ထားသည့် ရဲကားတစ်စီး ယနေ့ နံနက် ၈ နာရီခွဲခန့်တွင် မိုင်းခွဲခံရကြောင်း သိရသည်။

မိုင်းခွဲခံရသောကြောင့် ရဲကားပျက်စီးသွားသည်ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသူ မျက်မြင်တွေ့ခဲ့သူ တစ်ဦးက The 74 media ကိုပြောသည်။

“စာသင်ကျောင်းရဲ့ မျက်စောင်းထိုးလောက်မှာ ရဲကားရပ်ထားတယ်၊ အဲ့ရဲကားကို ခွဲလိုက်တာ၊ ကားမှန်တွေတော့ ကွဲသွားတယ်။ တစ်ကြိမ်ပဲ ပေါက်တာ” ဟုပြောသည်။

မိုင်းပေါက်ကွဲမှုသည် အလွန်ကျယ်လောင်ပြီး မြေကြီးပင်တုန်ခါသွားကြောင်း နောက်ထပ် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“တော်တော်ကျယ်တယ် ၊ ဒီအဝေးကြီးကနေတောင် ကြားရတယ်၊ တော်တော်တုန်သွားတယ်၊ စာသင်ကျောင်း ထောင့်နားလောက်ပေါ့” ဟု သူကပြောသည်။

ရဲကားပျက်စီးသွားသည်မှလွဲ၍ လူထိခိုက်သေဆုံးမှုမရှိကြောင်း ဒေသခံများကပြောသည်။

ဖားကန့်မြို့နယ်တွင် အစိုးရရုံးများ၊ ဆေးရုံနှင့် စာသင်ကျောင်းများတွင် မိုင်းပေါက်ကွဲမှုများဖြစ်ပွားခဲ့သည့်အပြင် အင်တာနက် ဖြတ်တောက်ခံထားရသည်မှာလည်း ရက်ပေါင်း ၈၀ခန့်ရှိပြီဖြစ်သည်။

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

 

သင့်ထင်မြင်ချက်ရေးပေးပါ