မြစ်ကြီးနားအကျဉ်းထောင်မှ အောက်တိုဘာလ ၁၈ ရက်နေ့က ပြန်လည်လွတ်မြောက်ခဲ့သော လူငယ်တစ်ဦးကို စစ်ကောင်စီက ယနေ့ မွန်းလွဲ နှစ်နာရီခန့်က နေအိမ်တွင် ဖမ်းဆီးခံရကြောင်းသိရသည်။

အသက်၂၀ နှစ်အရွယ် ကိုသန်းထိုက်ဇင်ကို မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည်လွတ်ပေးပြီးနောက် ၁၅ ရက်အကြာတွင် စစ်ကောင်စီက ဆိုင်ကယ်လုယက်သည်ဟုစွပ်စွဲကာ ရမ်ပူရပ်ကွက်ရှိ နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။

“ကားနဲ့ လူနှစ်ယောက်က သူ့သူငယ်ချင်းတွေပါပြောပြီးအိမ်မှာသွားရှာတယ်ပြောတယ်။ အိမ်က သူ့အမတွေက ကွမ်းယာဆိုင်သွားတယ်ထင်တယ်လို့ပြောလိုက်တော့။ လမ်းထိပ်မှာ ကွမ်းယာဆိုင်မှာသွားပြီးမှ တွေ့တာနဲ့ ရိုက်ပြီးမှ ဖမ်းခေါ်သွားတယ်။ သွေးတွေတောင် ထွက်တယ်လို့ပြောတယ်” ဟုသူကပြောသည်။

လက်ရှိအချိန်တွင် ကိုသန်းထိုက်ဇင်ကို အမှတ်(၂) ရဲစခန်းတွင် ဖမ်းဆီးထားပြီး မိသားစုနှင့် တွေ့ခွင့်ရ/မရကိုမူ ကြောင်း The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကိုသန်းထိုက်ဇင်သည် မတ် ၂၇ ရက်နေ့က မြစ်ကြီနားမြို့ ဘူတာရုံအနီးတွင် ပြုလုပ်သည့် သပိတ်တွင်ပါဝင်စဉ် အချိန် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ပုဒ်မ ၅၀၅-ကဖြင့် ၈လကြာ အကျဉ်းကျခဲ့သည်။

Photo: Thant Htike Zin Facebook

================

လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ