မြစ်ကြီးနား မြန်မာ့စီးပွားရေးဘဏ်ရှေ့ပေါက်ကွဲမှုတွင် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြန်မာ့စီးပွားရေးဘဏ်ရှေ့ တွင် ယနေ့နံနက် ၉ နာရီခန့်က ဗုံးပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာ အမျိုးသမီး နှစ်ဦး ထိခိုက်ဒဏ်ရ ရရှိခဲ့ကြောင်း သိရသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် အနီးမှ ဖြတ်သန်းသွားသော လမ်းသွားလမ်းလာ အမျိုးသမီး နှစ်ဦး မိုင်းစထိမှန်သည့် ဒဏ်ရာများရရှိခဲ့သည်ဟု ဒဏ်ရာရရှိသူများ၏ နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
မြစ်ကြီးနား မြန်မာ့စီးပွားရေးဘဏ်ရှေ့ပေါက်ကွဲမှုတွင် ပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရ

“သူတို့နှစ်ယောက်က ဆိုင်ကယ်နဲ့ဖြတ်သွားတဲ့အချိန် အနောက်ကနေ ထိသွားတာပေါ့၊ ခုထိ ယမ်းတွေဗုံးတွေ ထိထားတော့ ထူပူပြီး နာနေတာ၊ နှစ်ယောက်လုံး လက်နဲ့ ကျောကုန်းထိသွားတယ်၊ တစ်ယောက်က ကျောထဲကို မိုင်းအစက 1 cm လောက်ဝင်သွားတယ်၊ အဲ့နားမှာပဲ ဆရာဝန်ခေါ်ပြီး ယမ်းတွေဘာတွေ ထုတ်လိုက်တာ” ဟု သူကပြောသည်။
ပေါက်ကွဲမှုကြောင့် ရရှိသည့် ဒဏ်ရာများသည် အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သူကဆက်ပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူ နှစ်ဦးသည် ဝိုင်းမော်မြို့ နယ် ခတ်ချိုကျေးရွာမှ ဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် နာရီဝက်ခန့်အကြာတွင် ဘဏ်အနီးရှိ ရပ်ကွက်ပေါ်တွင် ဂျက်လေယာဉ်တစ်စင်းပျံဝဲခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ