စစ်ကောင်စီတပ်ဖွဲ့ဝင်
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် နွယ်လန်းကျေးရွာတွင် ယမန်နေ့ စက်တင်ဘာ ၁၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အား ၂၀၀ ခန့် ထပ်မံဖြည့်တင်းခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ ခန့်သည် ယမန်နေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွှဲ ၂ နာရီဝန်းကျင်၌ နွယ်လန်းကျေးရွာတွင် ရောက်ရှိခဲ့ပြီး ယနေ့နံနက် အစောပိုင်း၌ အလော့ဘွမ်ဘက်သို့တက်သွားခြင်း ဖြစ်နိုင်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“မနေ့က ခြေလျင် တန်းစီပြီး တက်လာကြတယ်။ ချန်တွမ်တောင် အလော့တောင်ဘက် ပြန်တက်တာလား လူလဲတာလားတော့ မသိဘူး။ ဒီမနက် မော်တော်၊ ဆိုင်ကယ်၊ သုံးဘီးတွေကို ဖြတ်တဲ့အားလုံးကို ရပ်ခိုင်းတယ်။ ကျွန်တော်တို့ တွက်ကြည့်တာက မနေ့ည ရောက်တဲ့သူတွေ တောင်ပေါ်တက်တာ တွေ့လိုက်မှာ သိပေးလိုက်မှာ စိုးရိမ်လို့လား မသိပါဘူး။” ဟုပြောသည်။
အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်သည် တပ်မ ၈၈ မှဖြစ်ပြီး ယမန်နေ့ နံနက် ၉ နာရီခန့်က မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာမှ ထွက်ခွာခဲ့သည်။
မိုးမောက်မြို့နယ် နွယ်လန်းကျေးရွာတွင် ဇူလိုင် ၁၄ ရက်နေ့က အင်အားဖြည့်တင်းရန်ရောက်လာသည့် တပ်မ ၈၈ မှ တပ်ပြေး ၃ ဦးသည် ဒေသခံအမျိုးသမီး ၁ ဦးအား အဓ္ဓမပြုကျင့်သတ်ဖြတ်ခဲ့သည်။
မိုးမောက်မြို့နယ်တွင် မေလလယ်မှစ၍ ကေအိုင်အေနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲအခြေအနေ ငြိမ်သက်နေပြီး စစ်ကောင်စီတပ်များ ဗန်းမော်ခရိုင်သို့ စစ်အင်အားနှင့် ရိက္ခာများ ဖြည့်တင်းလျက်ရှိသည်။
Photo Credit – Time Magazine (ပုံဟောင်းဖြစ်ပါသည်။)
သင့်ထင်မြင်ချက်ရေးပေးပါ