စစ်ကောင်စီတပ်သားများ
ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားတွင် စက်တင်ဘာလ ၆ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တို့ကြား တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း Chinland Defense Force-Thantlang မှ ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့အင်အား (၈၀) ဝန်းကျင်နှင့် CDF-Thantlang တို့ကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် သေဆုံးမှုနှင့် ဒဏ်ရရသူ အများအပြားရှိခဲ့ကြောင်း သိရသည်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုတွင် CDF တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ ရရှိသူများ မရှိကြောင်း ဖော်ပြထားသည်။
တိုက်ပွဲနှင့်ပတ်သက်သည့် ထုတ်ပြန်ကြေညာချက်နှင့်ပတ်သက်ပြီး The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် လက်နက် အပြည့်အစုံဖြင့် လာရောက်ပူးပေါင်းရန် ဆန္ဒရှိသည့် တပ်မတော်သားများကို ဆုငွေ ( သိန်း ၆၀ ကျပ်တိတိ) ထောက်ပံ့မည်ဖြစ်ကြောင်း CDF-Thantlang ထုတ်ပြန်ထားသည်။
ချင်းပြည်နယ်အတွင်းရှိ မင်းတပ်၊ ဟားခါး၊ ထန်တလန်နှင့် ကန်ပက်လက်မြို့များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် CDF တပ်ဖွဲ့များအကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလေ့ရှိသည်။
Photo Credit – BNI
သင့်ထင်မြင်ချက်ရေးပေးပါ