မြန်မာ့အလင်းသတင်းစာပါ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၁) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး
ပြည်ပရောက်မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ပနိုင်ငံများတွင် ဒုက္ခခံမနေဘဲ အစိုးရ၏ အေးမြသည့် အရိပ်ကို ခံစားနိုင်ရန် ပြည်တွင်းပြန်လာရန် စီစဉ်ပေးနေကြောင်း စစ်အာဏာသိမ်းခေါင်းဆောင်က ပြောကြားခဲ့သည်။

မြန်မာ့အလင်းသတင်းစာပါ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၁) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး

 

နေပြည်တော်တွင် စက်တင်ဘာလ ၆ ရက်နေ့က ပြုလုပ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၁) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ပရောက် မြန်မာနိုင်ငံသားများနှင့် ပတ်သက်ပြီး ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
သူ၏ပြောဆိုချက်တွင် “ကိုယ့်လူမျိုးတွေ ဒုက္ခသုက္ခနဲ့ ဒီလိုနေမယ့်အစား ကိုယ့်ပြည်တွင်းမှာ ဘယ်လိုပဲဖြစ်ဖြစ် အေးအတူပူအမျှပေါ့ဗျာ၊ အေးအတူပူအမျှအားလုံး။ ကျွန်တော်တို့က၊ အစိုးရဆိုတာ အရိပ်လိုပါပဲ၊ နိုင်ငံတော်ကိုပေးထားတဲ့ အရိပ်တစ်ခုပါပဲ၊ ဒီအရိပ်က ပြည်သူပြည်သားတွေ အေးမြတဲ့ဟာကို ခံစားအောင်ဆိုပြီး ကျွန်တော်ဒါလည်း ဆုံးဖြတ်ပြီးတော့ ခေါ်ခိုင်းတာပါ” ဟု ပါဝင်သည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း၏ အချက်အလက်များအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သေဆုံးသူ ၁၀၄၉ ဦး၊ လက်ရှိချုပ်နှောင်ခံထားရသူ ၆၂၅၄ ဦးနှင့် ၁၉၈၄ ဦးကို ဖမ်းဝရမ်းထုတ်ထားသည်ဟု သိရသည်။
စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးယန္တရားလည်ပတ်မှုများ ရပ်တံ့သွားပြီး ပြည်ပရင်းနှီးမြုပ်နှံထားသည့် လုပ်ငန်းအများစု နိုင်ငံတွင်းမှ ထွက်ခွာသွားကာ မြန်မာ့ငွေတန်ဖိုး အဆိုးဝါးဆုံးအခြေအနေသို့ ကျဆင်းနေသည်။
Photo – မြန်မာ့အလင်းသတင်းစာပါ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၁) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေ
သင့်ထင်မြင်ချက်ရေးပေးပါ