MNDAA
ရှမ်းပြည်နယ်မြောက်ပိုင်း မုံကိုးမြို့နယ်နှင့် ရှစ်မိုင်ခန့်အကွာတွင် ယနေ့ စက်တင်ဘာလ ၇ ရက်နေ့၊ နံနက် ၁၁ နာရီခွဲခန့်အချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကိုးကန့် (MNDAA) တပ်တို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားချိန်သည် ၁၀ မိနစ်ခန့် ရှိပြီး လက်နက်ကြီးပစ်ခတ်သံများ ရှိကြောင်း မုံကိုး ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
“ခဏက ပစ်နေကြတာကြားတယ်၊ အသံနားထောင်ကြည့်တာတော့ နှစ်ဖက်ပစ်နေကြတာ၊ ခဏလေးပဲပစ်ကြတာ လက်နက်ကြီး ၂ ချက်လောက်နဲ့ သေနတ်သံတွေ ကြားတယ်၊ ခုက တောင်ကုန်းတွေနဲ့ဆိုတော့ မုံကိုးနဲ့ရှစ်မိုင်လောက်ဝေးတယ်” ဟု သူကပြောသည်။
အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
မုံကိုး ဖောင်းဆိုင်ဒေသ မန်ခွမ် အနီး သြဂုတ်လ ၂၈ ရက်နေ့က စစ်ကောင်စီတပ်များနှင့် KIA၊ ကိုးကန့်ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား သေဆုံးခဲ့သည်။
Photo Credit – The Kokang Facebook Page
သင့်ထင်မြင်ချက်ရေးပေးပါ