ကေအိုင်အေ
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ယနေ့နံနက်ပိုင်းတွင် နိုင်ငံတဝှမ်းစစ်အာဏာရှင်ကို တိုက်ခိုက်ချေမှုန်းရန် ကြေညာခဲ့ပြီးနောက် နာရီပိုင်းအတွင်း စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကေအိုင်အေတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားနေသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကေအိုင်အေ တပ်မဟာ ၈ နှင့် ၉ တို့အကြား ယနေ့နံနက် ၁၀ နာရီခွဲခန့်မှစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ကနဦး သတင်းရရှိပါသည်။
တိုက်ပွဲအခြေအနေနှင့်ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ