မြစ်ကြီးနား ရမ်ပူရပ်ကွက်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိ နေအိမ်ခြံဝင်းတစ်ခုတွင် ဩဂုတ်လ ၂၆ ရက် ည ၆ နာရီခွဲခန့်က အသံဗုံးတစ်လုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်ရှိ နေအိမ်ခြံဝင်းတစ်ခုတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ တစ်ဦးက The 74 Media ကိုပြောသည်။
“အဲ့အိမ်က မဘသ စစ်တပ်ထောက်ခံသူတွေလည်း ဟုတ်တယ် လူမျိုးရေးလည်း ခွဲခြားတယ်။ လူထိခိုက်မှုတော့မရှိဘူးထင်တယ်” ဟုသူကပြောသည်။
ဗုံးကွဲမှုဖြစ်ပွားခဲ့သည့်နေအိမ်နှင့် ပတ်သက်ပြီး ဒေသခံများ၏ ပြောဆိုမှုကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရပ်ကွက်အချို့တွင် မေလအတွင်း အသံဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ