လိုင်ဇာမြို့နှင့် စစ်ရှောင်စခန်းအချို့တွင် အသွားအလာကန့်သတ်မှုများ ပြန်လည်ဖြေလျှော့
ကိုဗစ်၁၉ ရောဂါကူးစက်ခံရသူများကို ထပ်မံစစ်ဆေးတွေ့ရှိမှု မရှိတော့သဖြင့် လိုင်ဇာမြို့နှင့် စစ်ရှောင်စခန်းအချို့ကို ကန့်သတ်ချက်များ ပြန်လည်ဖြေလျှော့လိုက်ပြီဖြစ်ကြောင်း သိရသည်။

လိုင်ဇာမြို့နှင့် စစ်ရှောင်စခန်းအချို့တွင် အသွားအလာကန့်သတ်မှုများ ပြန်လည်ဖြေလျှော့

 

အသွားအလာကန့်သတ်မှုဖြေလျှော့ (lockdown ဖြုတ်) သည့် နေရာများတွင် လိုင်ဇာမြို့တွင်း၊ ဂျဲယန်စစ်ရှောင်စခန်း၊ ဖွန်လွန်ယန်စစ်ရှောင်စခန်းနှင့် ဒွမ်ဘုန်းစစ်ရှောင်စခန်းများပါဝင်သည်။
အဆိုပါနေရာများမှ ပြည်သူများကို ကိုဗစ်၁၉ ကပ်ရောဂါစစ်ဆေးမှု သုံးကြိမ်ပြုလုပ်ခဲ့ပြီးနောက် ကိုဗစ်၁၉ ကူးစက်ခံရသူ လူနာအသစ်များကို ထပ်မံတွေ့ရှိမှုမရှိတော့ကြောင်း လိုင်ဇာအခြေစိုက်သတင်းဌာနများက ရေးသားဖော်ပြထားသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့ကို ကိုဗစ်၁၉ ရောဂါကူးစက်ခံရသူများတွေ့ရှိခဲ့သဖြင့် ဇူလိုင်လ ၂၇ ရက်နေ့မှစတင်ကာ အသွားအလာကန့်သတ်ခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ