ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီ ဥက္ကဌ
ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီ ဥက္ကဌ ဒေါက်တာအမ်ကောန်လကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့တွင် ဖမ်းဆီးလိုက်သည်။

ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီ ဥက္ကဌ

 

ဒေါက်တာအမ်ကောန်လကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ ညနေ ၄ နာရီခန့်က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သူနှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ဖမ်းခံရတာမှန်ပါတယ်။ မနေ့ ညနေပိုင်း ၄ နာရီလောက်မှာ သူ့အိမ်မှာ လာဖမ်းတာပါ။ ၅၀၅-က လို့ ကြားပါတယ်” ဟု ပြောသည်။
ဒေါက်တာအမ်ကောန်လသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးပါတီအချို့မှ လူပုဂ္ဂိုလ်များနှင့် တသီးပုဂ္ဂလပြည်သူများပါဝင်သည့် ကချင်ပြည်သူ့နိုင်ငံရေးရှေ့ဆောင်အဖွဲ့ (KPPF) ကို ဖွဲ့စည်းခဲ့သည်။
ကချင်အမျိုးသားကွန်ဂရက် (KNC) ပါတီသည် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ခုနစ် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အနိုင်ရရှိသူ မရှိခဲ့ပါ။
သင့်ထင်မြင်ချက်ရေးပေးပါ