မချမ်းဘော့မြို့နယ်တွင် မလိခမြစ် စိုးရိမ်ရေမှတ်ထက်ကျော်လွန်လာ
ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ်မှ မလိခမြစ်ရေသည် ဩဂုတ်လ ၂၆ ရက်နေ့ ညနေမှစတင်ပြီး စိုးရိမ်ရေမှတ်ထက် ကျော်လွန်‌လာပြီ ဖြစ်‌ေကြာင်းသိသည်။

မချမ်းဘော့မြို့နယ်တွင် မလိခမြစ် စိုးရိမ်ရေမှတ်ထက်ကျော်လွန်လာ

 

မလိခမြစ်ရေသည် ယနေ့ ညနေ ၆နာရီခွဲ အချိန်တိုင်းတာချက်အရ စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာထက် ၄၇ စင်တီမီတာ ကျော်လွန်လျက်ရှိသည်ဟု ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနမှ သိရသည်။
မလိခမြစ်ရေသည် ၂၄ နာရီအတွင်း ၃၄၇ စင်တီမီတာ (၁၁ ပေခွဲခန့်) မြှင့်တက်လာခြင်းဖြစ်သည်။
မချမ်းဘော့မြို့နယ်ရှိ ငှားဇာခါးကျေးရွာ၊ နမ်ဘူယန်ကျေးရွာနှင့် ပူတာအိုမြို့နယ် မလိခေါမ်ကျေးရွာရှိ လူနေအိမ်များတွင် ရေဝင်ရောက်လာပြီး ပူတာအိုမြို့နယ် အင်လွယ်ယန်ကျေးရွာ မြစ်ကမ်းနားတွင်နေထိုင်သည့် ပြည်သူများမှာလည်း ရေဘေးလွတ်ရာသို့ပြောင်းရွှေ့နေပြီဖြစ်ကြောင်းသိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ