ဝိုင်းမော်မြို့နယ်ရှိ ဝူရာယာန်နှင့် ဆိုင်လော်ကျေးရွာဆက်တံတား ပျက်စီး
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဝူရာယာန်‌ေကျးရွာနှင့် ဆိုင်လော်ကျေးရွာကို ဆက်သွယ်ထားသော တံတား သည် ယမန်‌ေန့ ဩဂုတ်လ ၂၄ ရက်နေ့ ည ၈နာရီခွဲခန့်က ပျက်စီးသွား‌ေကြာင်း သိရသည်။

ဝိုင်းမော်မြို့နယ်ရှိ ဝူရာယာန်နှင့် ဆိုင်လော်ကျေးရွာဆက်တံတား ပျက်စီး

 

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆဒုံးချောင်းရေကြီးချိန် တံတားအလယ်တိုင် ပြိုကျသွားပြီး တံတားစောင်းသွားသည်ဟု ဒေသခံတစ်ဦးက The 74 Mediaကိုပြောသည်။
“မနေ့က ရေကြီးလာလို့ တံတားကိုထောက်ထားတဲ့ အလယ်တိုင် စောင်းသွားတာ ရေကြီးတော့ သစ်တုံးတွေ လာတိုက်ပြီးမှ အလယ်တိုင် လဲပြီးမှ တံတားစောင်းသွားတာ။” ဟုသူကပြောသည်။
တံတားအလယ်တိုင် ပြိုကျသွား၍ တံတား စောင်းသွား‌ေသာ‌ေကြာင့် ဖြန်သန်းသွားလာ၍ မရတော့့ကြောင်း သူကဆက်ပြောသည်။
ထို့ပြင် လွန်ခဲ့သည့် သုံးနှစ်ခန့်ကလည်း ရေကြီးမှုကြောင့် တံတားအလယ်ထောက်တိုင်ကို သစ်တုံးတိုက်သဖြင့် တံတားစောင်းသွားခြင်း တစ်ကြိမ်‌ဖြစ်ပွားခဲ့‌ေကြာင်း သိရသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ရှိ ဝူရာယာန်ရွာနှင့် ‌ဆိုင်လော်ကျေးရွာ ကိုဆက်သွယ်ထားသော တံတားသည် အုပ်တိုင် သံဘောင်နှင့် သစ်သားတံတား အမျိုးအစားဖြစ်ပြီး အရှည် ပေ ၂၀၀ ခန့်ရှိသည်။
သင့်ထင်မြင်ချက်ရေးပေးပါ