ဖားကန့်လုံးခင်းတွင် သတ်ဖြတ်ခံရသည့်ရဲသည် မူးယစ်ဆေးဝါးရောင်းသူများကို ဆက်ကြေးကောက်သူဖြစ်သည်ဟုဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု တွင် ယနေ့ဩဂုတ်လ ၁၉ ရက်နေ့၊ ညနေ ၅ နာရီခွဲခန့်က မြို့ထဲကင်းပတ်နေစဉ် အမည်မသိအဖွဲ့က ပစ်ခတ်ခံသဖြင့် သေဆုံးသွားသည့်ရဲသည် မူးယစ်ဆေးဝါးရောင်းချသည့်နေရာများတွင် ဆက်ကြေးကောက်ခံလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်လုံးခင်းတွင် သတ်ဖြတ်ခံရသည့်ရဲသည် မူးယစ်ဆေးဝါးရောင်းသူများကို ဆက်ကြေးကောက်သူဖြစ်သည်ဟုဆို

 

အဆိုပါရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရသည့်နေရာအနီးတွင် ဘိန်းဖြူရောင်းသည့်နေရာများရှိပြီး ဆိုင်ကယ်စီးသူ သုံးဦးက ပစ်ခတ်သွားခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူမျက်မြင်တွေ့ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“ဈေးအကျော်ဘက်မှာ ဖိုးခန်းတွေပဲရှိတာ ရဲတွေက ဖိုးခန်းဘက် အခွန်ကောက်နေကြ အဲ့ရဲတွေက၊ အဲ့ရဲတပ်ကြပ်က သူကအခွန်လိုက်ကောက်နေကျ၊ ဆိုင်ကယ်နဲ့လူသုံးယောက်လာပစ်သွားတာ၊ Ad ဗင် က ရဲစီးတဲ့ကား၊ ပြောရမယ်ဆိုရင် လူမုန်းများတာပေါ့” ဟု သူကပြောသည်။

ရဲကင်းပတ်နေချိန်တွင် မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို အတည်မပြုနိုင်

သေးပါ။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်သည် မတ်လမှစတင်ကာ တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့သည့် နေရာများဖြစ်ပြီး ကေအိုင်အေနှင့် စစ်ကောင်စီတပ်ဖွဲ့များ မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ