ရဲကင်းလှည့်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု တွင် ယနေ့ဩဂုတ်လ ၁၉ ရက်နေ့၊ ညနေ ၅ နာရီခွဲခန့်တွင် မြို့ထဲကင်းပတ်နေစဉ် အမည်မသိအဖွဲ့ လာရောက်ပစ်ခတ်သဖြင့် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ရဲကင်းပတ်နေစဉ် သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ရဲကင်း ပတ်ကား ၂ စီးနဲ့ကင်းပတ်နေတာ၊ အဲ့တာ ကားတစ်စီးက လာပစ်သွားကြရင်း နှစ်ဖက်ပစ်ကြာတာပေါ့၊ ဘောလုံးကွင်းမှာ ဖောင်းဖောင်းနဲ့ပစ်တော့ လုံးခင်း စစ်တပ်ကုန်းကတွေရော အဲ့ဘက်ကို သေနတ်နဲ့ပြန်ပစ်တာပေါ့၊ ရဲကား သုံး လေးစီးလာပြီးတော့ ဖားကန့်ကို တန်းသယ်သွားတယ်ပြောတယ်” ဟု သူကပြောသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်တွင် ရဲဒုတပ်ကြပ်ဦးဝင်းမြင့်ဆိုသူ သေဆုံးခဲ့သည်ဟု ဒေသခံများက ပြောဆိုနေကြသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

ရဲကင်းပတ်နေချိန်တွင် မည်သည့်အဖွဲ့က ပစ်ခတ်သည်ကို အတည်မပြုနိုင်သော်လည်း အဆိုပါဒေသသည် ကချင်လွတ်မြောက်ရေးတပ် (KIO/KIA) တို့ လှုပ်ရှားလေ့ရှိသည့် နေရာများဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ်သည် မတ်လမှစတင်ကာ တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့သည့် နေရာများဖြစ်ပြီး ကေအိုင်အေနှင့် စစ်ကောင်စီတပ်ဖွဲ့များ မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိသည်။

Photo Credit – AFP (No copyright infringement intended)

သင့်ထင်မြင်ချက်ရေးပေးပါ