KIA solider

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ နမ်ဗျူ‌ေချာင်းနှင့် နမ်ဂျယ်‌ေချာင်းအနီးဩဂုတ် ၁၈ ရက်နေ့ နံနက် ၇ နာရီခွဲခန့်မှစတင်ကာ စစ်ကောင်စီတပ်နှင့် ကေအိုင်အေတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

နမ်ခမ်းကျေးရွာဟောင်းတွင် တပ်စွဲထားသည့် ခ.လ.ရ (၇၄) က စစ်အင်အားနှင့် လက်နက် ရိက္ခာများ သယ်၍ စစ်ရေးလှုပ်ရှားမှုပြုလုပ်လာသောကြောင့် ကေအိုင်အေက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်‌ေမြာက်ပိုင်းတွင် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှု ပိုမိုများပြားလာ‌ေသာ‌ေကြာင့် ကေအိုင်အေနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ