ကိုးကန့်တပ် (MNDAA) female

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ မုံးကိုးမြို့အနီး ယနေ့ ဩဂုတ်လ ၁၉ရက်နေ့ ညနေ ၄ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ် (MNDAA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ရေးလှုပ်ရှားမှုပြုလုပ်နေသည့် စစ်ကောင်စီတပ်ကို MNDAA ကကြားဖြတ်တိုက်ခိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီးခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်များသည် မုံးကိုးမြို့ ဖောင်းဆိုင်ကျေးရွာများတွင် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်ပြုလုပ်နေသောကြောင့် MNDAA နှင့် ယမန်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယခုချိန်၌ မူဆယ်မြို့နယ်၊ ဖောင်းဆိုင်ကျေးရွာမှ စစ်ရှောင်ပြည်သူ ၁၄၀၀ ကျော်ခန့်သည် တရုတ်ပြည်နယ်စပ်သို့ စစ်ပြေးရှောင်နေကြောင်းလည်း သိရသည်။

Photo : The Kokang

သင့်ထင်မြင်ချက်ရေးပေးပါ