ရွှေကူတွင် စစ်ကောင်စီသင်္ဘောကို ကေအိုင်အေတိုက်ခိုက်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာနှင့် ရွှေဘုံသာ ကျေးရွာတွင် ယနေ့ မွန်းလွဲ ၃ နာရီခန့်က မိနစ် ၄၀ကြာ စစ်ကောင်စီ သင်္ဘော ဖြတ်လာချိန် ကေအိုင်အေက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ရွှေကူတွင် စစ်ကောင်စီသင်္ဘောကို ကေအိုင်အေတိုက်ခိုက်

 

ကေအိုင်အေတပ်ဖွဲ့ဝင်များ ပစ်ခတ်နေသည်ကို ယမ်းငွေ့များပင် မြင်နေရကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“သင်္ဘောကို ပစ်နေပြီ။ ကျောက်ကြီးနဲ့ ရွှေဘုံသာနားမှာပစ်နေတာ။ ၃နာရီလောက်ကနေပစ်တာ ခုထိပစ်နေတုန်းပဲ။ သင်္ဘောတော့ တစ်စီးထဲပဲ ဟုတ်တယ်။နှစ်ဖက်လုံးပစ်တာ။ KIA ပစ်တာယမ်းငွေ့တောင် မြင်နေရတယ်” ဟုပြောသည်။
ယခုချိန်၌ စစ်ကောင်စီသင်္ဘောသည် အထက်ဘက်သို့ ဆန်တက်သွားကြောင်း သူကဆက်ပြောသည်။

ရွှေကူမြို့တွင် စစ်ကောင်စီတပ်များ၏ သင်္ဘောကို ကေအိုင်အေက မကြာခဏတိုက်ခိုက်လေ့ရှိပြီး ဩဂုတ်လ ၁၂ ရက်နေ့ကလည်း သင်္ဘောတစ်စီးကို ပစ်ခတ်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ