တပ်ကုန်းရပ်ကွက်ရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်မီးလောင်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် ဆွမ်ပရာဘွမ်လမ်းမပေါ်ရှိ ဖုန်းနှင့် လျှပ်စစ်ပစ္စည်းရောင်းဝယ်ရေးဆိုင်တစ်ဆိုင် ယနေ့ ဩဂုတ်လ ၁၉ရက် နံနက် ၂ နာရီဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။

တပ်ကုန်းရပ်ကွက်ရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်မီးလောင်

 

မီးလောင်မှုတွင် USA Lum Tu ဖုန်းနှင့်လျှပ်စစ်ပစ္စည်းအရောင်းဆိုင်မှ စတင်လောင်ကျွမ်းပြီး ဆိုင်၏ အနောက်အိမ်တစ်အိမ်လည်းလောင်ကျွမ်းသွားကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။
“မီးသတ်ကား အရမ်းကြာမှလာတယ်။ နည်းနည်းစောလာရင် အနောက်အိမ်က ပါသွားမှာတောင် မဟုတ်ဘူး။ ပစ္စည်းလည်းဘာမှမရလိုက်ဘူးတဲ့။ ဒီမနက်သွားကြည့်တာတော့ တိုင်ပဲကျန်တယ်” ဟုပြောသည်။

မီးလောင်မှုဖြစ်ပွားစဥ် မီးသတ်ကား အသေး ၂စီးနှင့် အကြီး ၁ စီး ရောက်ကာ နံနက် ၃ နာရီကျော်ဝန်းကျင်၌ မီးငြိမ်းသွားကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ