မြစ်ကြီးနားမြို့တွင် လူငယ်နှစ်ဦးထံမှ ကျပ်သိန်းလေးရာကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ

မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက် လမ်းဆုံတွင် ဩဂုတ်လ ၈ရက်နေ့က လူငယ်နှစ်ဦးထံမှ ကာလပေါက်ဈေး ငွေကျပ် ၄၄၀ သိန်းခန့်တန်ဖိုးရှိသော ဘိန်းဖြူများကို ဖမ်းဆီးရရှိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

မြစ်ကြီးနားမြို့တွင် လူငယ်နှစ်ဦးထံမှ ကျပ်သိန်းလေးရာကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ

 

အသက် ၂၇နှစ်အရွယ် လူငယ်နှစ်ဦးဖြစ်သည့် ကိုဘရန်မိုင် မောင်းနှင်ပြီး မဂျာရွယ်အောင် (ခ) လှလှဝင်းရွှေ (ခ) အားရွယ် လိုက်ပါလာသည့် PAJERO မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ အလေးချိန် ၂..၂ ကီလိုဂရမ်ရှိ ဘိန်းဖြူထုတ်များကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးခံရသော အဆိုပါ လူငယ်နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်းသိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၀ရက်နေ့ကလည်း မြစ်ကြီးနားမြို့တပ်ကုန်းရပ်ကွက် အင်ဂျန်ဒုံနယ်မြေတွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူများကို ဖမ်းဆီးရမိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ