NLD အမတ် ဒေါ်သက်ထားနှောင်

စစ်ကောင်စီမှ ဖမ်းဆီးထားသည့် မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်း ရိုက်နှက် စစ်ဆေးခံနေရကြောင်း နီးစပ်သူများထံမှသိရသည်။

NLD အမတ် ဒေါ်သက်ထားနှောင်

 

ဒေါ်သက်ထားနှောင်းသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ကြောရေးနှင့် မိုးညှင်းရဲစခန်းတွင် စစ်ကြောမေးမြန်းစဉ် ရိုက်နှက်ခံရကြောင်း အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“မနှောင်းကိုဖမ်းပြီး မြစ်ကြီးနားပို့တယ်။ အဲ့ဒီ စစ်ကြောရေးမှာ ဖုန်းပေါက်ခွဲလိုက်လို့ အရိုက်ခံရတယ်တဲ့။ ပြီးတော့ ဖြောင့်ချက်ပေးပြီး မိုးညှင်းကိုပြန်ရောက်နေပြီ။ အမှုတင်တော့မယ့် သဘောမျိုးပေါ့။ မိုးညှင်းရဲစခန်းရဲ့ အချုပ်ထဲမှာတော့ စစ်လည်းစစ် အော်လည်းအော်ပြီး ရိုက်နေတာကြားပါတယ်။ သူ့ကိုဖမ်းထားတာ ငါးရက်လောက်တော့ ရှိပြီပေါ့” ဟု ပြောသည်။
အသက် ၄၂ နှစ်အရွယ် ဒေါ်သက်ထားနှောင်းကို စစ်ကောင်စီက ပုဒ်မ ၅၀၅-ခ ဖြင့်လည်း တရားစွဲခံထားရသူ ဖြစ်ပြီး သူနှင့်အတူ ဖမ်းဆီးခံထားရသူများကိုလည်း လွှတ်ပေးခြင်းမရှိသေးကြောင်း သိရသည်။
ဒေါ်သက်ထားနှောင်းအပါအဝင် ပြည်သူ ခြောက်ဦးခန့်ကို ဩဂုတ်လ ၄ ရက်နေ့၊ နံနက် နှစ်နာရီခန့်က မိုးညှင်းခရိုင်အတွင်းရှိ နန်းမားကျေးရွာ အောင်မင်္ဂလာရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။

NLD ပါတီဝင်တစ်ဦးဖြစ်သည့် ဒေါ်သက်ထားနှောင်းသည် ၂၀၂၀ ရွေးကောက်ပွဲတွင် မိုးညှင်းမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သူဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ