စစ်ကောင်စီတပ်နှင့် ကိုးကန့် (MNDAA) တပ်များ နေရာအချို့တွင် တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်၊ မုံးကိုးမြို့၊ ပန်ဆိုင်းကျေးရွာအနီးတွင် ယနေ့ ဩဂုတ် ၆ ရက်နေ့၌ စစ်ကောင်စီတပ်နှင့် ကိုးကန့် (MNDAA) တပ်ဖွဲ့ဝင်များ နေရာ သုံးနေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်နှင့် ကိုးကန့် (MNDAA) တပ်များ နေရာအချို့တွင် တိုက်ပွဲဖြစ်

 

ပန်ဆိုင်းကျေးရွာ အနီး နမ်ပါးကျေးရွာ တရုတ်သင်္ချိုင်းအနီးတွင် မွန်းလွှဲ ၁၂ ခွဲခန့်က စစ်ကောင်စီတပ် ခ.မ.ရ (၅၇၅) နှင့် ကိုးကန့် (MNDAA) တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မွန်းလွှဲ ၂ နာရီခွဲခန့်ကလည်း နမ့်ဟိုးကျေးရွာဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲများဖြစ်ပွားနေစဉ် ၁ နာရီဝန်းကျင်၌လည်း မုံးကိုးမြို့ ဖောင်းဆိုင်ကျေးရွာတွင် ခြေလျင်ဖြင့် စစ်ကြောင်းတက်လာသည့် စစ်ကောင်စီတပ် ခ.မ.ရ (၃၁၅) ကို မွန်းလွှဲတစ်နာရီခန့်၌ MNDAA တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်မှုများရှိခဲ့သည်။

စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားမှုများဆက်လက်ပြုလုပ်လျှင် ကိုးကန့် (MNDAA) တပ်ဖွဲ့ဝင်များနှင့်သာမက ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့်လည်းတိုက်ပွဲများ ဆက်လက် ပြင်းထန်စွာဖြစ်ပွားနိုင်သည်ဟု ဒေသခံများကပြောသည်။

သင့်ထင်မြင်ချက်ရေးပေးပါ