ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု မဇွပ်ယန်နှင့် ဆိုင်းရာရွာသစ်အနီးရှိ တစ်သုံးလုံးရေကန်ဘေး မျှောကြောင်းတွင် ယနေ့ဇူလိုင်လ ၁၇ ရက်နေ့၊ နံနက် ၉ နာရီခန့်က ကျောက်ရှာဖွေသူတစ်ဦး ရေထဲမျှောပါ သေဆုံးခဲ့ကြောင်းသိရသည်။
ကျောက်ရှာနေစဥ် မျှောကြောင်းတွင် မျှောပါသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက The 74 mediaကိုပြောသည်။
“မျှောကြောင်းမှာ တမင်ရှာရတာ ဒါမှကျောက်ကတွေ့ရတာလေ၊
စွန့်စွန့်စားစားရှာရတာ အဖော်တွေတော့များမှာပါ၊ သူကကံမကောင်းတော့ဖြစ်သွားတဲ့သဘောနေမှာပါ” ဟု သူကပြောသည်။
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စုရှိ ကျေးရွာတစ်ချို့တွင် မေလ၃၀ ရက်နေ့မှ ယနေ့ချိန်ထိ မြေစာပြိုကြမှုများကြောင့် အမျိုးသား ၅ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၅ ဦးခန့် ရှိပြီဖြစ်သည်။
ဖားကန့်မြို့နယ်ရှိ ရွှေကျောက်တူးဖော်သော လုပ်ကွက်မြေစာပုံများသည် မြေပြို၊ကျင်းပြို၍ နှစ်စဉ် လူအသေအပျောက်များ ရှိနေပြီး ၂၀၂၀ ခုနှစ် မြေစာပြိုကျမှုကြောင့် လူပေါင်းရာနှင့်ချီသေဆုံးခဲ့သည်။