မြစ်ကြီးနား စီတာပူမိဘမဲ့ဂေဟာ

မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် (၂) ရှိ မိဘမဲ့ဂေဟာတွင် ကိုဗစ်အတည်ပြုလူနာ ၁၄ ဦးတွေ့ရှိခဲ့သောကြောင့် အသွားအလာကန့်သတ်ထားကြောင်း သိရသည်။

မိဘမဲ့ဂေဟာတွင် ၃၂ ဦးကို စစ်ဆေးရာတွင် ၁၂ ဦးတွင် ပိုးတွေ့သဖြင့် ယခင်နှစ်ဦးနှင့်ပေါင်းလျင် ၁၄ ဦးရှိပြီဟု မိဘမဲ့ဂေဟာနှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

မြစ်ကြီးနား စီတာပူမိဘမဲ့ဂေဟာ

 

“အားလုံးစစ်ပြီးပြီ ၃၂ ယောက်မှာ ၁၇ ယောက်က negative ပေါ့၊ ဝန်ထမ်းတွေမှာတော့ စစ်တာ ပိုးမတွေ့ဘူး ဒါကြောင့် ပိုးတွေ့တဲ့ကလေးတွေကိုက တစ်အိမ်မှာ သီးခြားစီထားထားတယ် ၊ကလေးတွေကို လွန်ခဲ့တဲ့ အပတ်ကစပြီး ကလေးတယောက်ကို သံသယလူနာအဖြစ်နဲ့ စတွေ့ပြီးမှ ဒီကြာသပတေးနေ့မှာ ၁၂ယောက် ထပ်တွေ့တာ အားလုံး ၁၄ယောက်ရှိပြီ” ဟု ပြောသည်။

မိဘမဲ့ဂေဟာကို အသွားအလာကန့်သတ်ထားသောကြောင့် အစားအသောက် ဆေးဝါးအခက်အခဲရှိကြောင်းသူက ဆက်ပြောသည်။

“တစ်ချို့က မက်ခလောင်ဖြစ်တယ် မျက်လုံးနီတယ်၊ အနံ့ပျောက်တယ် အနံ့မရတာ ပိုများတယ်၊ ဒါပေမဲ့ အရမ်းဆိုးတာတော့ မရှိဘူး၊ ကန့်သတ်တာက မနေ့က စပြီး ကန့်သတ်တာ သတ်မှတ်လိုက်တယ်တဲ့၊ အစားအသောက်ဆေးဝါးလှူပေးတဲ့ သူတွေလည်း ရှိပါတယ် အပြင်မထွက်ရတော့ တော်တော်လေးခက်တာပေါ့” ဟု သူကပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနား မြို့တွင် ကိုဗစ်ပိုးတွေ့နှုန်း မြှင့်တက်လျက်ရှိပြီး ကချင်ပြည်နယ်တွင် ဇူလိုင်လ ၁၅ ရက်နေ့ထိ ပိုးတွေ့သူပေါင်း ၁၉၂၄ ဦးရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ