ဟိုပင်တွင် ပစ်သတ်ခံရသည့် အမျိုးသား၏ ရုပ်အလောင်းကို စစ်ကောင်စီရင်ခွဲပြီး ကျည်ဆံထုတ်ယူ

ဟိုပင်မြို့နယ်၊ ရွာသစ်ကြီးကျေးရွာမှ စစ်ကောင်စီတပ်များယူသွားသော ရုပ်အလောင်းကို ကျည်ထုတ်ရန်ခွဲစိတ်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ပစ်သတ်ခံရသည့် ကိုဘဂျမ်း အသက် ၃၀ နှစ်၏ ရုပ်အလောင်းကို ယနေ့နံနက် ၇ နာရီခွဲခန့်တွင် နေအိမ်မှ လာရောက် သယ်ယူသွားပြီး မွန်းလွဲ ၁ နာရီတွင် ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

ဟိုပင်တွင် ပစ်သတ်ခံရသည့် အမျိုးသား၏ ရုပ်အလောင်းကို စစ်ကောင်စီရင်ခွဲပြီး ကျည်ဆံထုတ်ယူ

 

“အလောင်းပြန်ရတာက ၁ နာရီကျော်လောက်မှာ ပြန်ရတော့ ရင်ဘတ်ကလည်း ချုပ်ရာတွေကြီးပဲ အရှေ့ရင်ဘတ်ထဲကနေကျည်မထွက်ပဲ ကျန်တယ်ထင်ပါရဲ့ ဆရာဝန်တွေလည်း လုပ်ရဲကြတာ ကျည်ဆန်က ဗိုက်ထဲမှာ ကျန်ထားလို့ခွဲထုတ်တာတဲ့။ ” ဟုသူကပြောသည်။
သေဆုံးသူသည့် ကျောတွင် ကျည်တစ်ချက်ထိမှန်ခဲ့ပြီး နွားတစ်ကောင်၏ ခြေထောက်တွင်လည်း ကျည်ထိမှန်ခဲ့ကြောင်း သူကဆက်ပြောသည်။
ကိုဘဂျမ်း အသက် ၃၀ နှစ်ကို ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်တွင် မီးသဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့တွင် ဇွန်လ ၁၈ ရက် ည ၈ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အမျိုးသားတစ်ဦးကို သေနတ်ဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့မှု ရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ