ဖားကန့် ဆွတ်အောင်ကျေးရွာတွင် မြေပြိုပြီး အမျိုးသမီးနှစ်ဦးဒဏ်ရာရ

ဖားကန့်မြို့နယ်၊ ဆွတ်အောင်ကျေးရွာတွင် ယနေ့ ဇူလိုင် ၇ ရက်နေ့၊ နံနက် ၃ နာရီခန့်က မြေပြို၍ နေအိမ်တစ်လုံးပျက်စီးပြီး အမျိုးသမီးနှစ်ဦး အရိုးကျိုး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဖားကန့် ဆွတ်အောင်ကျေးရွာတွင် မြေပြိုပြီး အမျိုးသမီးနှစ်ဦးဒဏ်ရာရ

 

တောင်စောင်းပေါ်တွင် သွယ်တန်းထားသည့် ရေပိုက်ကျိုး၍ ရေနှင့်အတူ မြေပြိုခဲ့ခြင်းကြောင့် ဖြစ်သည်ဟု လိုက်ပါကူညီပေးသူ တစ်ဦးက The 74 Media ကိုပြောသည်။
“တောင်စောင်းပေါ်မှာ ဘုန်းကြီးကျောင်းအတွက် သွယ်ထားတဲ့ ရေပိုက်ကျိုးကျပြီးတော့မှ သူတို့အိမ်ကို ရွေမျောတိုက်သလိုမျိုး ဖြစ်သွားတာ။ မိုးတအားများတော့ ရေပိုက်ပေါက်ထွက်သွားပြီး မြေရော ရေရော သူတို့အိမ်ကို ထိုးဖိသွားတာ။ အမေက ပေါင်ရိုးထိတယ်၊ ကလေးက လက်မောင်းရိုးထထိတယ်။” ဟုသူကပြောသည်။
ပေါင်ရိုးဒဏ်ရာရသူနှင့် လက်မောင်းရိုးဒဏ်ရာ ရသူ သားအမိ နှစ်ဦးကို မြစ်ကြီးနားသို့ ပို့ဆောင်ရန် ငွေရေးကြေးရေး ခက်ခဲနေကြောင်း သူက ဆက်ပြောသည်။
အမျိုးသားဖြစ်သူနှင့် အသက် ၁၀ နှစ်နှင့် ၅ နှစ်အရွယ် ကလေးနှစ်တို့က ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ပြီး မစိုးရိမ်ရကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် မြေပြို၊ ကျင်းပြို၍ နှစ်စဉ် လူအသေအပျောက်များ ရှိနေပြီး မိုးရာသီ၌ အသေအပျောက် ပိုမိုမများပြားကြောင်းသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ