ဟိုပင်2

ဟိုပင်မြို့နယ်၊ ရွာသစ်ကြီးကျေးရွာတွင် ဇူလိုင်လ ၇ ရက်နေ့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် အမျိုးသား၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်က နေအိမ်မှ လာရောက်သယ်ယူသွားကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့ည ၈ နာရီခန့်က ပစ်သတ်ခဲ့သည့် ဦးဘဂျမ်း၏ ရုပ်အလောင်းကို နေအိမ်မှ လာရောက် သယ်ယူသွားခြင်းဖြစ်သည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“မနက်က လာယူသွားတာ စစ်ခွေးတွေက ဟိုပင်ရင်ခွဲရုံကို သယ်မယ်ဆိုပြီး သယ်သွားကြတာ။ ခုလည်း ရွာထဲမှာ စစ်ခွေးတွေ ခြေရှုပ်နေကြတယ်။ သူ့ကိုပစ်တာက ရွာသစ်ကျေးရွာအခြေစိုက် စကခ ၃ အောက် ခမရ ၃၈၉ တပ်ဟုတ်တယ်တဲ့” ဟု သူကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်ဖြင့် ဦးသန်းဝေဆိုသူအား သေနတ်ပြုလုပ်သည်ဟု စွပ်စွဲကာ လာရောက်ဖမ်းဆီးချိန်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။

အသက် ၃၀ အရွယ် ဦးဘဂျမ်းသည် လယ်တောမှ လှည်းမောင်းပြီးပြန်လာချိန် ရွာသစ်ကြီး သင်္ချိုင်းကုန်းအဝင်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ