KNO

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ ရပ်ကွက်အချို့တွင် ယမန်နေ့ ဇူလိုင် ၆ ရက်နေ့၊ ည ၁၀ နာရီခွဲခန့်က ကချင်အမျိုးသားအစည်းအရုံး(KNO)၊ ကချင်ပြည်တပ်တော်၏ ထုတ်ပြန်ကြေညာချက် ဟူသည့် ခေါင်းစဉ်ဖြင့် စာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဓာတ်တိုင်များတွင် လိုက်ကပ်နေကြောင်း သိရသည်။

KNO

စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အား ၂၀ ခန့်က ရပ်ကွက်အနှံ့လိုက်လံ ကပ်နေခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက The 74 Media ကိုပြောသည်။
“စာလိုက်ကပ်တာ ရဲတွေ ကား ၂ စီး နဲ့ ဆိုင်ကယ် ၁ စီး ၂ ယောက်စီးထားတယ်။ Mark 2အဖြူ ကားတစ်စီးကော ပါတယ် ၁၅ ယောက်ကျော် ၂၀ နီးပါး KIA နဲ့ ပြည်သူကို ရန်တိုက်ပေးနေတာ၊ ရဲတွေပဲ ကပ်တာ မြို့လည်ခေါင် ရပ်ကွက် ဓာတ်တိုင်တွေမှာ ကပ်တာ” ဟု သူကပြောသည်။
အဆိုပါ ကြေညာစာတွင် ကချင်ပြည်နှင့် ကချင်ပြည်သူပြည်သားများ၏ အကျိုးစီးပွား အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် KNU KIO/ KIA များက သူလျှို ဒလန်များကို စစ်ဆေးအပြစ်ပေးနိုင်ရန် ကချင်ပြည်သူများ ကိုယ်စား ကချင်အမျိုးသားအစည်းအရုံး(KNO)မှ တိုက်တွန်းသည့် အကြောင်း ရေးသားထားခြင်းဖြစ်သည်။
ထုတ်ပြန်ချက်သည် ကချင်အမျိုးသားအစည်းအရုံး (KNO) က တရားဝင်ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက် ဟုတ်၊ မဟုတ်ကို The 74 Media က သီးခြားအတည်မပြုနိုင်ပါ။

Kachin National Organization (KNO) အဖွဲ့အစည်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း (Mungmyit Sinli) မွန်ဂူ ဖောင်စိုင်တွင် သီးခြားတပ်မဟာ (၁၀၈)ကို ၂၀၂၁ ခုနှစ် မေလ (၁) ရက်နေ့က ဖွဲ့စည်းထားသော်လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIOမှ ၎င်းအဖွဲ့အစည်းကို လုံးဝ လက်မခံကြောင်း စာထုတ်ပြန်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ