KIA-kia

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဝါရှောင် ၁၃ မိုင်ဂိတ်တွင် ယနေ့နံနက် ၇ နာရီခွဲခန့်တွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဝါရှောင် ၁၃ မိုင်ဂိတ်အား ကေအိုင်အေမှ ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အမည်မ​ဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
” KIA ကဝင်ပစ်တာ။ KIAက ဝင်ပစ်တော့ ဟိုဘက်ကလည်း ရမ်းသမ်းပစ်ခတ်ကြတာ။ ၁၀ မိနစ်လောက်ပဲဟုတ်တယ်။ အသေအပျောက်တော့ မရှိကြဘူး” ဟုပြောသည်။
အဆိုပါ ၁၃ မိုင်ဂိတ်အား ပြီးခဲ့သည့် ဧပြီ ၁၇ ရက်နေ့ကလည်း ကေအိုင်အေမှ ဝင်ရောက်တိုက်ခိုက်ပစ်ခတ်မှုများပြုလုပ်ခဲ့ဖူးသည်။
ဝါရှောင်ကျေးရွာသည် ဝိုင်းမော်မြို့နယ်ရှိ ကျေးရွာတစ်ခုဖြစ်ပြီး ရှမ်းနှင့် ကချင်လူမျိုးများ အများစုနေထိုင်ကြသည်။

ဓါတ်ပုံ / ပုံ​ဟောင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ