ဝေးလန်ခေါင်ဖျား ပူတာအို-​ခေါင်လန်ဖူးလမ်း​ပေါ်တွင် ​မော်​တော်ယာဥ်များ မကြာခဏ တိမ်း​မှောက်လျှက်ရှိ

ကချင်ပြည်နယ်အတွင်းရှိ ပူတာအို – ခေါင်လန်ဖူး သွားရာလမ်းပေါ်ရှိ ဆန်းလွှတ်ချက်​တောင်ကြားလမ်းတွင် ​မော်​တော်ယာဥ်များ မကြာခဏတိမ်း​မှောက်လျှက်ရှိ​​​ကြောင်း ​ဒေသခံများထံမှသိရသည်။

ဝေးလန်ခေါင်ဖျား ပူတာအို-​ခေါင်လန်ဖူးလမ်း​ပေါ်တွင် ​မော်​တော်ယာဥ်များ မကြာခဏ တိမ်း​မှောက်လျှက်ရှိ

 

လက်ရှိ ​မော်​တော်ယာဥ်များ တိမ်း​မှောက်လျှက်ရှိ​သော​နေရာမှာ မ​ဂွေဇ-​ခေါင်လန်ဖူးလမ်း​​ပေါ်ရှိ ဆန်းလွှတ်ချက်​တောင်ကြားလမ်းဖြစ်ပြီး တံ​တောင်ဆစ်ကဲ့သို့​ကွေ့ ကောက်​ကာ အတက်အဆင်းကြမ်း​တမ်းသော​ကြောင့် ​မော်​တော်ယာဥ်များ မကြာခဏတိမ်း​မှောက်နေ​ကြောင်း ဒေသခံတစ်ဦးက​ပြောသည်။
​”ခေါင်လန်ဖူးလမ်းက ဆန်းလွှတ်ချက်​တောင်မှာက အ​ခြေအ​နေဆိုး​တယ်၊ လမ်း​ကို ​သေချာ​လေးမပြင်လိုက်ရင် အဆင်မ​ပြေဘူး၊ တချို့က​တော့ ကားသမား​တွေမှားတာလည်းပါတယ်”ဟု​ပြောသည်။
ပြီးခဲ့သည် ​မေလ နှင့် ယခုလ အတွင်းမှာပင် ​မော်​တော်ယာဥ်တိမ်း​မှောက်မှု ၅ကြိမ်ထက်မနည်းဖြစ်ပွားခဲ့​ကြောင်းသူက ဆိုသည်။
​မော်​တော်ယာဥ်များ တိမ်း​မှောက်ခဲ့သော်လည်း ပြည်သူများ ထိခိုက်ဒဏ်ရာသာရရှိခဲ့ပြီး ​သေဆုံးမှု မရှိခဲ့ပါ။

ပူတာအို-မချမ်း​ဘော​-မ​ဂွေဇ-​ခေါင်လန်ဖူးလန်းသည် မိုင် ၁၁၅မိုင်ခန့်ရှည်လျား​သော လမ်းဖြစ်ပြီး ယခင်က ၁၀ရက်ခန့်သွားရ​သော်လည်း ယခုအချိန်တွင်မူ တစ်ညအိပ်ဖြင့် ခရီး​ပေါက်​နေပြီဖြစ်​ကြောင်း ​ဒေသခံများထံမှသိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ