စစ်ကောင်စီတပ်၏ သင်္ဘောပေါ်မှ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ယနေ့ မွန်းလွဲ တစ် နာရီခန့်က စစ်ကောင်စီတပ်၏ သင်္ဘောမှ ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ပေါင်တွင် လက်နက်ကြီးစ ထိမှန်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဗန်းမော်ဘက်သို့ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်ကောင်စီတပ်၏ သင်္ဘောပေါ်မှ ပစ်ခတ်မှုကြောင့် ကိုင်းရွာမှ အမျိုးသားတစ်ဦး၏ ပေါင်တွင် လက်နက်ကြီးစ ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“သင်္ဘောကလှမ်းပစ်တဲ့ဟာထိတာ။ ရွှေကူလေးဘက်ကမ်း ကိုင်းရွာက ကိုသိန်းကျော်ဟုတ်တယ်။ ပေါင်မှာရှပ်မှန်သွားတာ ” ဟုသူကပြောသည်။
မိုးတားကျေးရွာမှ ဆန်တတ်လာသည့် စစ်ကောင်စီတပ်၏ သင်္ဘော သာယာကုန်းကျေးရွာသို့ ရောက်ရှိချိန်တွင် ကေအိုင်အေနှင့် တိုက်ပွဲဖြစ်ပြီး၊ သာယာကုန်းနှင့် ကျောက်ကြီးကျေးရွာရှိ တပ်မ ၈၈မှ လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ဧရာဝတီမြစ်အတိုင်း ကချင်ပြည်နယ် ဗန်းမော်ဘက်သို့ ဆန်တက်လာသော စစ်ကောင်စီ၏ သင်္ဘောများကို ကေအိုင်အေအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်မှု ရွှေကူမြို့နယ်အတွင်း မကြာခဏဖြစ်ပွားနေသည်။

Photo credit to rightful owner

သင့်ထင်မြင်ချက်ရေးပေးပါ