ရွှေကူမြို့နယ် ကျောက်ကြီးရွာသားများကို စစ်ကောင်စီတပ်များက ရွာမှ ထွက်ခွာရန် အမိန့်ပေး

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ ကျောက်ကြီးကျေးရွာရှိ ရွာသားများကို ထွက်ခွာရန် စစ်ကောင်စီက အမိန့်ပေးသဖြင့် ရွာသားအများစု မြစ်တစ်ဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်နေသည်ဟု သိရသည်။

ရွှေကူမြို့နယ် ကျောက်ကြီးရွာသားများကို စစ်ကောင်စီတပ်များက ရွာမှ ထွက်ခွာရန် အမိန့်ပေး

 

စစ်ကောင်စီတပ်များသည် ရွာထဲသို့ဝင်၍ ဒေသခံပြည်သူများအား ညနေ ၅ နာရီမတိုင်မီ ရွှေ့ပြောင်းပေးရန် ပြောကြားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ရွာတွင်း လက်နက်ကြီးများတပ်ဆင်ထားသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
” သူတို့ ညနေ လေးနာရီလောက်က လာပြောသွားတာ။ ၅ နာရီကို ရွာထဲ လူမရှိစေချင်ဘူးတဲ့။ အဝင်အထွက်တွေလဲ ပိတ်ထားတယ်။ လက်နက်ကြီးတွေလည်း ရွာထဲမှာ ဆင်ထားပြီ။ တော်တော်များများကလည်းပြေးကုန်ကြပြီ” ဟုသူကပြောသည်။
စစ်ကောင်စီတပ်များသည် ကျောက်ကြီးကျေးရွာတွင် စစ်အင်အား ၄၀၀ခန့် တပ်စွဲထားသည်ဟုလည်း သူကဆက်ပြောသည်။
ကချင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခကြောင့် ရွာကို စွန့်ခွာထွက်ပြေးနေသူများရှိသော်လည်း ရွာသားများကို ထွက်ခွာရန်အမိန့်ပေးသည့်ဖြစ်စဉ်သည် ယခုနှစ်အတွင်း ပထမအကြိမ်ဖြစ်သည်။
ကျောက်ကြီးကျေးရွာနှင့် ၇ မိုင်ခန့်ဝေးသည့် ကသာမြို့နယ် အုပ်ချီကျေးရွာမှ စစ်ကား ၃ စီးသည် ကျောက်ကြီးကျေးရွာသို့ ထွက်ခွာသွားကြောင်း ကသာဒေသခံများထံမှ သိရသည်။

ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရေလမ်းမှတဆင့် စစ်အင်အားတိုးချဲ့နေသဖြင့် စစ်သားများတင်ဆောင်လာသည့်ရေယာဉ်များကို ကေအိုင်အေက မကြာခဏပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ