Breaking!!!

ားကန့်မြို့နယ် အေးမြသာယာကျေးရွာရှိ မူလွန်စာသင်ကျောင်းအနီး ယနေ့ည ၇ နာရီ ဝန်းကျင်တွင် ပေါက်ကွဲမှုထပ်မံ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

မေလ ၂၀ ရက်နေ့တွင်လည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အဆိုပါ ကျောင်းအနီး ယနေ့ည ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“အေးမြသာယာမူလွန်ကျောင်းရှေ့မှာ ပေါက်ကွဲတာ၊တစ်ကြိမ်ပဲ ၊၂၀ ရက်နေ့ ည ၈ နာရီတုန်းကလည်း တစ်ကြိမ်ပေါက်တဲ့ကျောင်းပဲ အသံဗုံးဖြစ်မယ်ထင်တယ်၊လူအထိအခိုက်ရှိ၊ မရှိ မသိဘူး ” ဟု သူက ပြောသည်။
ယခုပေါက်ကွဲမှုကြောင့် လူအထိအခိုက် ရှိ မရှိကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဖားကန့်မြို့နယ်ရှိ စာသင်ကျောင်းများ၊ ရပ်ကွက်ရုံးများတွင် ယခုတစ်ပါတ်အတွင်း မကြာခဏ ပေါက်ကွဲမှုများဖြစ်ပွားနေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ