ဇော်ဝင်းမောင်

ားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ ညသပိတ်ပြုလုပ်နေစဉ် ယနေ့ ည ၈ နာရီခန့်က အလွတ်တန်း သတင်းထောက် ဇော်ဝင်းမောင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

 ဇော်ဝင်းမောင်

ညသပိတ်ပြုလုပ်နေစဉ်တွင် အိမ်စီးကား ၃ စီးနှင့် ရဲဝတ်စုံဖြင့်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က လာရောက်ဖမ်းဆီးကြောင်း မျက်မြင်တွေ့ရှိသူ တစ်ဦးကပြောသည်။
“ဒီည လုံးခင်း ညသပိတ်မှာ ညီမတို့ အရှေ့တင် သတင်းထောက်ကို အရင် လာဖမ်းတာ၊ သူတို့မလာခင် အရင်ဆုံး မီးအမှောင်ချလိုက်သေးတယ်၊ ကားမှာရဲတွေအပြည့် သေနတ်တွေနဲ့ အဲ့ကားမှာ အလံတွေရော အကုန်သိမ်းသွားတယ်” ဟု The 74 Media ကို သူက ပြောသည်။

ဖားကန့်မြို့နယ်ရှိ သပိတ်စစ်ကြောင်းများ စတင်ရာ နေရာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူ စောင့်ကြည့်မှုများ ပြုလုပ်သည့်အပြင် ဖမ်းဆီးမှုများ မကြာခဏ ပြုလုပ်နေလျက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ