စစ်သင်္ဘောအချို့ သရက်မြို့ကိုဖြတ်ပြီး ဧရာဝတီမြစ်အထက်ပိုင်းကို ဆန်တက်

စစ်ကောင်စီတပ်၏ စစ်သင်္ဘောအချို့သည် မကွေးတိုင်း သရက်မြို့ကို ဖြတ်ကာ ဧရာဝတီမြစ်အထက်ပိုင်းသို့ ဆန်တက်သွားသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။

စစ်သင်္ဘောအချို့ သရက်မြို့ကိုဖြတ်ပြီး ဧရာဝတီမြစ်အထက်ပိုင်းကို ဆန်တက်

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းများတင်ဆောင်ထားသည်ဟု မျက်မြင်များကပြောဆိုကြောင်း သိရသည်။
အဆိုပါစစ်သင်္ဘောများ မြန်မာပြည်အထက်ပိုင်းမည်သည့်ဒေသအထိ ဆန်တက်လာမည်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်များက ယခုရက်ပိုင်းအတွင်း စစ်သင်္ဘောများဖြင့် လူသူလက်နက်အင်အားပို့ဆောင်မှုများရှိခဲ့ပြီး ရွှေကူမြို့တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသယ်ဆောင်လာသည့် စစ်သင်္ဘောအချို့ ဆိုက်ကပ်လာသည်။
သင့်ထင်မြင်ချက်ရေးပေးပါ