ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးသန်းဌေး၏ ညီမဖြစ်သူ CDM တွင်ပါဝင်သောကြောင့် တာဝန်မှ ရပ်ဆိုင်းခံရ

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး၏ ညီမအရင်း ဆရာမ ဒေါ်အမာကြူကို CDM တွင်ပါဝင်သောကြောင့် မေလ ၇ ရက်နေ့တွင် တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း သတင်းရရှိသည်။

ဆရာမဒေါ်အမာကြူသည် မြန်အောင်မြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင် အထက်တန်းပြကျောင်းဆရာမတစ်ဦးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ မှစတင်ကာ CDM တွင် စတင်ပါဝင်လာသည်။
တာဝန်မှ ယာယီရပ်ဆိုင်းခံရသူများတွင် ဆရာမဒေါ်အမာကြူနှင့်အတူ ဆရာ၊ ဆရာမ ၁၀ ဦးပါဝင်သည်။
ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးသန်းဌေးသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မြန်အောင်မြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် အနိုင်ရရှိကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ